HOME  |  SITE MAP  |  CONTACT US
     
Tenvir Launching Symposium – Hepattitis B
(အသည်းရောင်အသားဝါ ဘီပိုးနှင့် ပတ်သက်သော ကျန်းမာရေး ပညာပေးဟောပြောပွဲ)

 


Cipla Co., Ltd. မှပံပိုး၍ Myanmar GI and Liver Society တို့ပူးပေါင်းပြီး “Hepattitis B Symposium” ဆေးဝါးသစ် Tenvir (Tenofovir 3000 mg) မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟော်တယ်တွင် ၅-၉-၂၀၀၉ ရက်နေ့ နံနက် (၁၁း ၀၀) နာရီတွင် ကျင်းပခဲ့သည်။ ထိုပွဲတွင် ရန်ကုန်ဆေးတက္ကသိုလ် (၂) အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသန်းသန်းဆွေမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် ရန်ကုန်ဆေးရုံကြီး၊ အသည်းရောဂါဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသံစစ်မှ “Current Management of Hepatitis B” အကြောင်း ဟောပြောခဲ့ပြီး အသည်းရောဂါ အထူးကုဆရာဝန်ကြီး (Yangon GI and Liver Center) မှ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ “Special Problems in Antiviral Therapy of Chronic Hepatitis B” ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြသည်။

ယင်းအခမ်းအနားသို့ -
(၁) အသည်းနှင့် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ သမားတော်ကြီးများ
(၂) သွေးရောဂါ အထူးကု ဆရာဝန်ကြီးများ
(၃) အထွေထွေရောဂါကု သမားတော်ဆရာဝန်ကြီးများ
(၄) ကလေးအထူးကု ဆရာဝန်ကြီးများ
(၅) ခွဲစိတ်ကု ဆရာဝန်ကြီးများ
(၆) သားဖွားမီးယပ်နှင့် ဆိုင်သောဆရာဝန်ကြီးများ
(၇) ရောဂါဗေဒ ဆရာဝန်ကြီးများ
(၈) အဏုဇီဝဗေဒဆိုင်သော ဆရာဝန်ကြီးများ
(၉) ဘွဲ့လွန်ကျောင်းသားများနှင့် အထွေထွေရောဂါကု ဆရာဝန်များ တက်ရောက်ခဲ့ကြပြီး သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။ Hepatitis B နှင့် ဆိုင်သောဆေးဝါးဖြစ်သည့် နောက်ဆုံးပေါ်ဆေးဝါး Tenvir (Tenofovir 300 mg) အား ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် US F.D.A Approved ရရှိခဲ့ပါသည်။ ၎င်းဆေးဝါးအား Cipla ကုမ္ပဏီမှ ထုတ်လုပ်ပြီး Vimal Company Limited မှ တင်သွင်းဖြန့်ချီပါသည်။

     
All Rights Reserved by Cipla.
Powered By Ideal Technology.